Blogger Widgets

Networking အကြောင်း နဲနဲပါးပါး

ပထမဦးစွာ Networking Type တစ်မျိုးဖြစ်တဲ့ LAN အမျိုးအစားထဲမှ Ethernet LAN အကြောင်းလေး......
LAN မှာ Ethernet နဲ့ Toking Ring ရယ်လို့ ယေဘုယျအားဖြင့် (၂) မျိုးခွဲခြားထားပါတယ်Ethernet ဟာလက်ရှိ အသုံးတွင်ကျယ်နေတဲ့ LAN အမျိုးအစား တစ်ခုဖြစ်ပါတယ်အဆောက်အဦး တစ်ခုရဲ့ အခန်းထဲမှာ Computer တွေ နဲ့ Printer စတဲ့အခြား Computer Accessories တွေ အချင်းချင်း Data တွေ Share လုပ်လို့ရအောင် Hub or Router ကြားခံပြီး ဆင်ထားတဲ့ LAN Networkဖြစ်ပါတယ်။

Computer အချင်းချင်း Data တွေ Transmit or Receive လုပ်ဖို့ Hub or Router တွေကကြားခံ အနေနဲ့ လုပ်ဆောင်ပေးပါတယ် Data တွေ Transmit or Receive လုပ်နိုင်တဲ့ Capacity ကတော့ 10 Mbpsဖြစ်ပါတယ် ဒါကြောင့် သာမန်အသုံးပြုနိုင်တဲ့ Bandwidth ကတော့ 10 Mbps ဖြစ်ပါတယ်နောက်ပိုင်းမှာ Bandwidth ကို 100 Mbps မှ 1000 Mbps အထိ ထပ်တိုးဖွယ်ရှိတယ်လို့ သိရပါတယ်Ethernet ကို ထပ်မံပြီး အမျိုးအစား ခွဲထားပါသေး တယ်..။

Types Standard Bandwidth
Ethernet IEEE 802.3/Ver II(DIX) 10 Mbps
Fast Ethernet IEEE 802.3 u 100 Mbps
Gigabit Ethernet IEEE 802.3 z(over fiber) 1000 Mbps
Gigabit Ethernet IEEE 802.3 ab(over twist pair) 1000 Mbps

အထက်ပါဇယားအရ Ethernet မှာ Version II (DIX) နဲ့ IEEE 802.3 ဆိုပြီး ထပ်ခွဲထားပါတယ် Version II က
အသုံးတွင်ကျယ်ပြီး DIX ဆိုတာ Digital, Intel နဲ့ Xeron Company (၃) ခုက assign လုပ်ထားတာပါ IEEE 802.3ကအသုံး မတွင်ကျယ်ပါဘူး Version II (DIX) နဲ့ IEEE 802.3 တို့ဟာ တစ်ခုနဲ့တစ်ခု Compatible မဖြစ် ပါဘူး အဓိကကတော့ Data Frame Format ကွဲပြားလို့ပါပဲ။

Fast Ethernet ကို IEEE 802.3 u လို့ သတ်မှတ်ပြီး အခုနောက်ပိုင်း ပေါ်တဲ့ Modern Version ဖြစ်ပါတယ်
LAN Backbone Network အဖြစ် အသုံးပြုပြီး Client အတွက်တော့ အသုံးမပြုနိုင်သေးပါဘူးGigabit Ethernet ကို IEEE 802.3 z လို့ သတ်မှတ်ပြီး Bandwidth ကတော့ 1000 Mbps ပါ LAN Backbone Network အဖြစ် အသုံးပြုပြီး တပ်ဆင်စရိတ် ဈေးကြီးပါတယ်။

နောက် Gigabit Ethernet ကို IEEE 802.3 ab လို့ သတ်မှတ်ပြီး Bandwidth ကတော့ 1000 Mbps ပါ
Latest Version ဖြစ်ပြီး ယနေ့ခေတ်မှာ အပြည့်အ၀ အသုံး မချနိုင်သေးပါဘူးနောက်ပိုင်းမှာ တပ်ဆင် စရိတ်ဈေး သက်သာပြီး အသုံးပြုရလွယ်ကူတဲ့ Gigabit Ethernet ကို အနာဂတ်မှာ မြင်တွေ့ရဖွယ် ရှိကြောင်းပါ လိုအပ် သည်များကို Networking ပညာရှင်များမှ ဝေဖန် သုံးသပ် အကြံပေးတော်မူကြပါ ဟီးLAN အကြောင်းလေးပါ။

Local Area Network ဆိုတဲ့ နာမည်အတိုင်း သူရဲ့ Networking Area က အဆောက်အဦရဲ့ အခန်း (၁) ခန်းစာ ဒါမှမဟုတ် အကွာအဝေးအားဖြင့် 1 km ကနေ 10 km ကျော်ကျော် အထိရှိပါတယ် စက်ရုံတစ်ခု အတွင်း ရုံးတစ်ရုံး အတွင်း စာသင်ကျောင်း၊ကောလိပ် ပရ၀ုဏ်တစ်ခု အတွင်းမှာ ဆင်ထားတဲ့ Networking အမျိုးအစားဖြစ်ပါတယ်
LAN မှာ Data Transmission ရဲ့ Capacity ကတော့ 100 Mbps ဖြစ်ပါတယ် LAN မှာလည်း Network အတွင်း မှာရှိတဲ့ Computer (Workstation) အချင်းချင်းကိုData Transmit or Receive လုပ်ရန် ကြားခံအဖြစ် Repeater , Bridge , Switch တို့ခံပေးရပါတယ် နောက်ပြီး LAN တစ်ခုနှင့်တစ်ခုကို Repeater , Bridge, Switch တို့အကူ အညီနဲ့ ချိတ်ဆက်နိုင်ပြီး LAN Area ပိုမိုကြီးမားကျယ်ပြန့်စေပါတယ်။

LAN မှ နောက် LAN ချိတ်ဆက်ဖို့ LAN မှ WAN ဒါမှမဟုတ် MAN တို့နှင့် ချိတ်ဆက်ဖို့ Intelligent Intermediate node လို့ခေါ်တဲ့ Router ကို ကြားခံအဖြစ် ခံပေးရပါတယ် LAN အမျိုးအစား များပြားပေမယ့် Ethernet LAN သာ လျှင် အသုံးအများဆုံး ဖြစ်ပါတယ် LAN ဟာ high speed networking ဖြစ်ပါတယ်LAN ကို အနှစ် ချုပ် အားဖြင့် အကျယ်အ၀န်းအားဖြင့် အဆောက်အဦး တစ်ခုစာ 1 km or 10 km အတွင်းရှိ အဆောက်အဦးများမှာ ဆင်ထား
LAN ကို authorized administrator မှ ထိန်းချုပ်ထားLAN မှ အခြား MAN or WAN ကို data access လုပ်ဖို့ Router မှ လုပ်ဆောင်ပေးData transmit rate က 100 Mbps ဖြစ်ပါကြောင်း

MAN အကြောင်းလေးပါ
Metropolitan Area Network ဖြစ်ပြီး Metropolitan ဆိုတာ မြို့ပြဧရိယာ ဖြစ်တာကြောင့် MAN ရဲ့ Networking Area က မြို့တစ်မြို့စာ ဖြစ်ပါတယ် MAN ဟာအကျယ်ဝေန်းအားဖြင့် 5km မှ 50 km အထိရှိပြီး LAN ထက်ကြီးပြီး WAN ထက်သေးငယ်ပါတယ် MAN ကို အဖွဲ့အစည်း တစ်ခုတည်းမှသာ ပိုင်ဆိုင်တာ မဟုတ်ပါဘူး MAN မှာရှိတဲ့ Communication Link နဲ့ Equipment တွေကို စီးပွာရေးကုမဏီအသင်းတွေရဲ့ Network User ဒါမှမဟုတ် Network User တွေကို Service ပေးတဲ့ Network Provider နဲ့ အခြားအဖွဲ့အစည်းတွေမှလည်း ပိုင်ဆိုင်ပါတယ်

MAN အမျိုးအစားပေါ်မူတည်ပြီး Transmit Data Rate က 1000 Mbps မှ 10 Gbps အထိရှိတယ်လို့ သိရပါတယ် MAN ဟာ High Speed Backbone Network အမျိုးအစားဖြစ်ပြီး MAN တစ်ခုမှ နောက် MAN or WAN တို့နဲ့လည်း Backbone Link နဲ့ ကြားခံပြီး ချိတ်ဆက်ပေးပါတယ်

MAN မှာ ATM (Asynchronous Transfer Mode) သုံးပြီး Backbone အနေနဲ့ FDDI (Fiber Distributed Data Interface) ဖြစ်ပါAN အကြောင်းလေးပါMetropolitan Area Network ဖြစ်ပြီး Metropolitan ဆိုတာ

    WAN
    WAN အကြောင်းလေးပါ Wide Area Network ဖြစ်ပြီး LAN နဲ့ MAN တို့ထက် Networking Area ပို ကျယ်ပြန့် ပါတယ် အလွန်ကွာဝေးတဲ့ LAN Networking နေရာတစ်ခုကို နောက်အလှမ်းကွာတဲ့ LAN Networking တစ်ခုနဲ့ ချိတ် ဆက်တဲ့ Networking ဟာ WAN အမျိုးအစားထဲမှာ ပါပါတယ် WAN ရဲ့ Transmission လမ်းကြောင်းက Fiber or ISDN (Integrated Service Digital Network) or POTS (Plain Old Telephone Service) စတဲ့ Physical Media ဖြစ်နိုင်သလို Microwave or Satellite စတဲ့ Wireless လည်းဖြစ်နိုင်ပါတယ် WAN က OSI Layer (၇) ခုရှိတဲ့အနက် Lower three Layer တွေမှာ အလုပ်လုပ်ပါတယ်

    WAN ရဲ့ Data Transmit Rate ကတော့ အရမ်းနှေးပါတယ် အများဆုံး Speed က 155 Mbps ဖြစ်ပါတယ် WAN ရဲ့ချိတ်ဆက်ပုံ Connection ကအမျိုးမျိုး ရှိပါတယ် Point to Point link, Circuit Switching, Packet Switching စသဖြင့်ပေါ့ WAN မှာ Data Transmission အတွက်အသင့်တော်ဆုံးက Packet Switching Public Data Network ဖြစ်ပါကြောင်း

0 comments: